လိုင်စင်ရရှိသူ၏ လိုက်နာရမည့်တာဝန်များ ပျက်ကွက်ခြင်းအတွက် အရေးယူဆောင်ရွက်ကြောင်း အသိပေးခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် အတည်ပြုပြဋ္ဌာန်းထားသော ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ထုတ်ပေးထားသော လိုင်စင်ပါစည်းကမ်းချက်များနှင့် ထုတ်ပြန်သောညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိသည့် အောက်ဖော်ပြပါကုမ္ပဏီ၏ လုပ်ငန်းလိုင်စင်ကို အပြီးအပိုင်ရုပ်သိမ်းပယ်ဖျက်လိုက်ကြောင်းနှင့် တရားဝင်ကုမ္ပဏီမှတ်ပုံတင်ဖွဲ့စည်းထားသော ကုမ္ပဏီအမည်နှင့် အစုရှယ်ယာရှင် အဖွဲ့ဝင်လူပုဂ္ဂိုလ်အားလုံးကို အမည်ပျက်စာရင်း (Black List) သွင်းနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
February 21, 2026