ဒုတိယဦးစီးမှူး(အင်ဂျင်နီယာ) ၊ အငယ်တန်းစာရေး/စာရင်းကိုင်-၄/ ဒု-လက်ထောက်ဦးစီးမှူး/ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ ရုံးအကူနှင့် သန့်ရှင်းရေးအကူ ရာထူးနေရာများအတွက် ရွေးချယ်ခံရသူများစာရင်း ထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ( လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ ) ဒု-ဦးစီးမှူး (အင်ဂျင်နီယာ) ရာထူးနေရာများအတွက် အရည်အချင်းစစ် ရေးဖြေအောင်မြင်သူများအား (၇-၈-၂၀၂၅) ရက်နေ့တွင် လူတွေ့စစ်ဆေးခြင်းနှင့် ( လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀- ၁၉၀၀၀၀ ) အငယ်တန်းစာရေး/ စာရင်းကိုင်-၄ / ဒု-လက်ထောက်ဦးစီးမှူး / ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးနှင့် ( လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀- ၁၅၄၀၀၀ ) ရုံးအကူ/ သန့်ရှင်းရေးအကူ ရာထူးနေရာများအတွက် အရည်အချင်းစစ် လူတွေ့စစ်ဆေးခြင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးခြင်းများကို (၈-၈-၂၀၂၅) ရက်နေ့ တို့တွင် ပြုလုပ်ခဲ့ပြီး ပူးတွဲပါရွေးချယ်ခံရသူများစာရင်းကို ထုတ်ပြန်လိုက်သည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
August 18, 2025