Covid-19 ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှု ရယူနိုင်ရေး အသိပေးကြေညာချက်

COVID-19 ရောဂါကို ကူးစက်ပျံ့နှံ့ခြင်းမှကာကွယ်ရန် (၁၄)ရက်အသွားအလာ ကန့်သတ်ခြင်း၊ တားမြစ်ခြင်းတို့ဆောင်ရွက်ရာတွင် သီးခြားခွဲခြားနေထိုင်ရခြင်းနှင့်ဆက်စပ်သော အကြောင်းများကြောင့် Quarantine အစီအစဉ်များတွင် ပါဝင်နေသူများအား စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနက စိတ်ဓာတ်ပိုင်းဆိုင်ရာပံ့ပိုးပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးမှုပေးခြင်းတို့ကို တယ်လီဖုန်းဖြင့်ဝန်ဆောင်မှုပေးမည်ဖြစ်ရာ နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများသို့ အများပြည်သူများမှ အောက်ဖော်ပြပါနံပါတ်များသို့ အခမဲ့ခေါ်ဆိုနိုင်ရေး ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာန၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် အော်ပရေတာများမှ ဆောင်ရွက်ထားပေးပြီး ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Posted by ptd

Posted on April 9, 2020


Weather
NAYPYITAW WEATHER