အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၊ အင်္ဂါနေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မန္တလေးငလျင်ဒဏ်ကြောင့် ဆက်သွယ်ရေးကဏ္ဍ ပျက်စီးဆုံးရှုံးမှုများအပေါ် USF ရန်ပုံငွေမှ သင့်လျော်သည့်ပမာဏတစ်ရပ်ဖြင့် ထောက်ပံ့ကုစားပေးမည့်အစီအစဉ်၊ Video Wall Screen ဝယ်ယူရန်အတွက် ပြန်လည်တင်ဒါခေါ်ယူထားရှိမှုအား စိစစ်ဆောင်ရွက်ထားရှိမှု၊ Telecommunication Infrastructure Project (၁/၂၀၂၄) အား နေပြည်တော်ကောင်စီ၊ လယ်ဝေးမြို့နယ်၊ လယ်မကျေးရွာနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျေးရွာတွင် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted on
November 18, 2025