လိုင်စင်ရရှိသူ၏ လိုက်နာရမည့်တာဝန်များ ပျက်ကွက်ခြင်းအတွက် အရေးယူဆောင်ရွက်ကြောင်း အသိပေးခြင်း

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် အတည်ပြုပြဋ္ဌာန်းထားသော ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများ၊ ထုတ်ပေးထားသော လိုင်စင်ပါစည်းကမ်းချက်များနှင့် ထုတ်ပြန်သော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိသည့် အောက်ဖော်ပြပါကုမ္ပဏီ၏ လုပ်ငန်းလိုင်စင်ကို အပြီးအပိုင်ရုပ်သိမ်းပယ်ဖျက်လိုက်ကြောင်းနှင့် တရားဝင်ကုမ္ပဏီမှတ်ပုံတင်ဖွဲ့စည်းထားသော ကုမ္ပဏီအမည်နှင့် အစုရှယ်ယာရှင်အဖွဲ့ဝင် လူပုဂ္ဂိုလ်အားလုံးကို အမည်ပျက်စာရင်း (Black List) သွင်းနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးပါသည်-

စဉ်

ကုမ္ပဏီအမည်

ရရှိသည့် လိုင်စင် အမျိုးအစား

ဖောက်ဖျက်မှု

အရေးယူမှု

လိုင်စင်အား ပယ်ဖျက်သည့်နေ့

(က)

Retro Link Co., Ltd

NFS(I)

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၁၅ အရ လိုင်စင်ရရှိသူ ၏ တာဝန်များအား လိုက်နာမှုမရှိခြင်း နှင့် လိုင်စင် ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၂၄ (က) (၃) အရ အခကြေးငွေ ပေးဆောင်ရန်ပျက်ကွက်ခြင်း။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၇ (ဂ) နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ အပိုဒ် ၄၁ (က) (၄) တို့အရ လိုင်စင်ကို ပယ်ဖျက်ခြင်း။

၅-၁၁-၂၀၂၆

 

ရှင်းလင်းချက်။          ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) (NFS-I)

Posted on November 25, 2026


နောက်ဆုံးရသတင်းများ
Weather
NAYPYITAW WEATHER