အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကျင်းပပြုလုပ်ခြင်း
အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ ကြာသပတေးနေ့၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မန္တလေးငလျင်ဒဏ်ကြောင့် ဆက်သွယ်ရေးကဏ္ဍ ပျက်စီးဆုံးရှုံးမှုများအပေါ် အော်ပရေတာများအား USF ရန်ပုံငွေဖြင့် ထောက်ပံ့ပေးမည့်ကိစ္စ၊ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေစာရင်းနှင့် ရန်ပုံငွေကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ငွေစာရင်းတို့ကို စာရင်းစစ်ဆေးရန်အတွက် ပြင်ပစာရင်းစစ်အဖွဲ့ခေါ်ယူရန် ဆောင်ရွက်နေသည့်ကိစ္စ၊ ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် Fiber လမ်းကြောင်းများ ချခင်းနိုင်ရေးအတွက် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများမှ Proposal တင်ပြခြင်းကိစ္စ၊ Telecommunication Infrastructure Services, Rural Project (၁/၂၀၂၄) အား နေပြည်တော်ကောင်စီ၊ လယ်ဝေးမြို့နယ်၊ လယ်မကျေးရွာနှင့်တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျေးရွာတွင် တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
January 23, 2026