ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်ရာထူးနေရာများအတွက် လျှောက်လွှာပိတ်ရက်နှင့် စာမေးပွဲဖြေဆိုရမည့်နေ့ရက်များ တိုးမြှင့်ပြင်ဆင်သတ်မှတ်ခြင်း

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး၊ ဒု-လက်ထောက်ဦးစီးမှူး၊ စာရင်းကိုင်-၄ နှင့် ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများအတွက် လျှောက်လွှာပိတ်ရက် အား ( ၂၈-၈-၂၀၂၆ ) ရက်နေ့အစား ( ၂၈-၉-၂၀၂၆ ) ရက်နေ့သို့ ပြင်ဆင်သတ်မှတ်ပါကြောင်းနှင့် ဒုတိယဦးစီးမှူးရာထူးနေရာ လျှောက်ထားသူများအတွက် ရေးဖြေစာမေးပွဲကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် (၁-၁၀-၂၀၂၆) ရက်နေ့ (ကြာသပတေးနေ့) နံနက် (၀၉:၃၀)နာရီမှ (၁၁:၃၀) နာရီထိ မြန်မာစာဘာသာရပ်ကိုလည်းကောင်း၊ (၁၃:၀၀)နာရီမှ (၁၅:၀၀) နာရီထိ အင်္ဂလိပ်စာဘာသာရပ်ကိုလည်းကောင်း၊ (၂-၁၀-၂၀၂၆)ရက်နေ့ (သောကြာနေ့) နံနက်(၀၉:၃၀)နာရီမှ (၁၁:၃၀)နာရီထိ အထွေထွေဘာသာရပ်ကိုလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း နှင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများအား(၂၉-၉-၂၀၂၆) ရက်နေ့နှင့် (၃၀-၉-၂၀၂၆) ရက်နေ့အထိ ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြသ၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၂) နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတို့တွင် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲအောင်မြင်သူများအား လူတွေ့စစ်ဆေးခြင်းကို(၁၅-၁၀-၂၀၂၆) ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဒု-လက်ထောက်ဦးစီးမှူးနှင့် လစာနှုန်းတူ ရာထူးနေရာများအတွက် လျှောက် ထားသူများသည် (၁၅-၁၀-၂၀၂၆) ရက်နေ့တွင် လူတွေ့စစ်ဆေးခြင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးခြင်းများ ခံယူရမည်ဖြစ်ပါသည်။

 

ဖတ်ရန် သိမ်းဆည်းရန်

Posted on August 28, 2026


Weather
NAYPYITAW WEATHER