ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) နှစ် (၁၅၀) ပြည့် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် ပိုစတာ၏အဓိပ္ပာယ်

      အထိမ်းအမှတ်ပိုစတာတွင်ပါရှိသော ကမ္ဘာလုံးကို လူ (၇) ယောက်မှ ဝန်းရံ၍ စာပေးပို့နေသည့် ပုံစံဖော်ထားခြင်းမှာ ကမ္ဘာ့တိုက်ကြီး(၇)တိုက် ကိုယ်စား လူ(၇)‌ယောက်ဖြင့် ပုံဖော်ပြီး ကမ္ဘာကြီး၏ မည်သည့်နေရာ၌မဆို စာပို့ဝန်ဆောင်မှုများရရှိခြင်း (Universal Reach) ကို ဖော်ဆောင်ထားခြင်းဖြစ်ပါသည်။

      ၁၈၇၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် တည်ထောင်ခဲ့သည့် ကမ္ဘာ့စာပို့တိုက် သမဂ္ဂ (ယူပီယူ) နှစ် (၁၅၀) ပြည့်အထိမ်းအမှတ်အဖြစ် မြေကမ္ဘာအနှံ့ စာပို့ဝန် ထမ်းရွက် နှစ် ၁၅၀ တိုင် မပျက်ကွက်ခဲ့” (150 years of enabling communication and empowering peoples across nations) စာသားကို ထည့်သွင်းထားခြင်းမှာ ကမ္ဘာ့နေရာအနှံ့အပြားတွင် စာပို့ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ထမ်းဆောင်နေကြသူများသည် အများပြည်သူအကျိုး ရှေ့ရှု၍ နေ့စဉ်မပျက်မကွက် ထမ်း‌ဆောင်ခဲ့မှုအပေါ် ဂုဏ်ပြုသည့်အနေဖြင့် ဖော်ညွှန်းထားခြင်း ဖြစ်ပါသည်။

      ကမ္ဘာ့တိုက်ကြီး(၇)တိုက် ကိုယ်စား လူ(၇)‌ယောက်မှ ပေးပို့နေသည့် စာအိတ်အဖြူရောင်ကို တြိဂံသဏ္ဍာန်ပုံဖော်ထားခြင်းမှာ စာပို့ဝန်ဆောင်မှုလုပ်ငန်းများကို အစိုးရ (Ministry)၊ ကြီးကြပ်ကွပ်ကဲသည့်အဖွဲ့(Regulator)နှင့် စာပို့လုပ်ငန်းဆိုင်ရာ နိုင်ငံ့ကိုယ်စားပြု ဝန်ဆောင်မှုပေးသူ (Designated Operator) တို့က တွဲလက်ညီစွာ ဆောင်ရွက်နေမှုကို ဂုဏ်ပြုလိုခြင်းဖြစ်ပါသည်။

      ပိုစတာတွင် အသုံးပြုထားသည့် အရောင်များဖြစ်သည့် -

               (က) အဖြူရောင်     -    သန့်ရှင်းခြင်း၊ ပြီးပြည့်စုံခြင်း၊ ရိုးသားခြင်း၊

               (ခ)   ခရမ်းရောင်    -    အင်အားရှိခြင်း၊ အနာဂတ်မျှော်တွေးခြင်း၊ သစ္စာရှိခြင်း

               (ဂ)   အပြာရောင်    -    ယုံကြည်ခြင်း၊ တည်ငြိမ်ခြင်း၊ ဉာဏ်ပညာရှိခြင်း နှင့်

               (ဃ) ပန်းရောင်       -    ခင်မင်ရင်းနှီးခြင်း၊ သဟဇာတဖြစ်ခြင်း၊ ငြိမ်းချမ်းခြင်း၊

                                                ကရုဏာတရားလက်ကိုင်ထားခြင်း၊ ပြုစုပျိုးထောင်ပေး ခြင်းတို့ကို

                                                ကိုယ်စားပြု ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

Posted by ptd

Posted on September 6, 2024


Weather
NAYPYITAW WEATHER