ထိုင်းနိုင်ငံမှ Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ် ပြုလုပ်သည့် ADGSOM – ATRC Joint Working Group အစည်းအဝေးသို့ ADGSOM JWG Chair ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ခြင်း

အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာအရာရှိကြီးများနှင့် အာဆီယံဆက်သွယ်ရေးဥပဒေပြုသူများ ကောင်စီတို့၏ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် အိုင်တီယူတို့၏ အစည်းအဝေး (ADGSOM - ATRC JWG with DPs and ITU) အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် Video Conferencing ဖြင့် ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ADGSOM - JWG Chair အဖြစ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးသန်းထွန်းအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ထိုင်းနိုင်ငံ၊ ဒီဂျစ်တယ်စီးပွားရေးနှင့်လူ့အဖွဲ့အစည်းဝန်ကြီး ဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် Mr.Nattapon Mattasonboon မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ADGSOM JWG Chair ဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင်နှင့် ကမ္ဘာဒီးယားနိုင်ငံ၏ ATRC JWG Co-Chair ဖြစ်သည့် Dr. Sokarath တို့မှ အသီးသီးအမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် 2022 Work Cycle အရ ADGSOM-ATRC ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ 2023 Work Cycle အရ အကောင်အထည်ဖော်မည့် ADGSOM – ATRC စီမံကိန်း အဆိုပြုချက်များ၊ ၂၀၂၂ ခုနှစ်အတွင်း အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက် မှုများ ၊ ASEAN - ITU တို့ ပူးပေါင်းဆောင်ရွက်မည့် ပရောဂျက်များ၊ မဟာဗျူဟာ ၂၀၂၅ (ADM 2025) ကို အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီရန်တို့အပြင် အခြားသောဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ADGSOM – ATRC တို့မှ ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်မည့် Work Cycle များအရ ADGSOM မှ ဆောင်ရွက်မည့် Project များနှင့် ATRC မှ ဆောင်ရွက်မည့် Project များ၊ 2023 Work Cycle အရ ဆောင်ရွက်ရန်ခွင့်ပြုခြင်း၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စီမံကိန်းများတို့အား ADGSOM – JWG Chair ထံ တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အိုင်တီယူနှင့်အီးယူတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှအဖွဲ့ဝင်များနှင့် ASEAN ICT Center မှ ညွှန်ကြားရေးမှူးတို့ ပါဝင် တက်ရောက်ခဲ့ပြီး အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေ့စဉ် နံနက် ၈:၃၀ မှ ညနေ ၁၆:၀၀ နာရီထိ ကျင်းပခဲ့ပါသည်။

 

Posted by ptd

Posted on July 28, 2022


Weather
NAYPYITAW WEATHER