“SIM Card များကို စနစ်တကျ မှတ်ပုံတင်၍ ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ်တကျပြန်လည်မှတ်ပုံတင်ခြင်း” အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို မှန်ကန်စွာအသုံးပြုလျက်ရှိသည့် သုံးစွဲသူများကို  အကာအကွယ်ပေးနိုင်ရန်၊ မိုဘိုင်းဆက်သွယ်ရေး စနစ်ကိုအခြေခံသည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ e-commerce လုပ်ငန်းများနှင့်စပ်လျဉ်း၍ သုံးစွဲသူများကို လိမ်လည်မှုများမှ ကာကွယ်ပေးနိုင်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ရာတွင် အထောက်အကူပေးနိုင်ရန်တို့အတွက် ဆင်းကတ်များလွှဲပြောင်း၊ ရောင်းချသူများအနေဖြင့် သုံးစွဲသူများကို စနစ်တကျမှတ်ပုံတင်ပြီးမှသာ လွှဲပြောင်း၊ ရောင်းချစေရန်နှင့် စနစ်တကျ မှတ်ပုံတင်ခြင်းမရှိဘဲ လွှဲပြောင်း၊ ရောင်းချမည်ဆိုပါက တည်ဆဲဥပဒေနှင့်အညီ ဥပဒေကြောင်းအရ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်ပြီး “SIM Card များကို စနစ်တကျ မှတ်ပုံတင်၍ ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ်တကျပြန်လည်မှတ်ပုံတင်ခြင်း” အမိန့်ကြော်ငြာစာကို (၂၅-၉-၂၀၂၃) ရက်နေ့တွင် အသိပေး ထုတ်ပြန်ကြော်ငြာထားပါသည်။

အမိန့်ကြော်ငြာစာအပြည့်အစုံကို အောက်တွင် Download ရယူနိုင်ပါသည်။

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on May 3, 2024


Weather
NAYPYITAW WEATHER