Network Information Center

ဆက်သွယ်ရေးဥပဒေမထုတ်ပြန်မီက မြန်မာနိုင်ငံကိုယ်စားပြု .mm ဖြင့် အဆုံးသတ်သော country-code Top Level Domain (ccTLD) အား Internet Assigned Numbers Authority (IANA) တွင် မှတ်ပုံတင်ခွင့် ရရှိနိုင်ရေးအတွက် ယခင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ .mm Domain Registry လုပ်ငန်း များကို ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ (၈) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဆက်သွယ်ရေး ဥပဒေ အခန်း(၇)၊ ပုဒ်မ (၂၁)၊ (၂၂) နှင့် (၂၃) ပါ ပြဋ္ဌာန်းချက်များအရ အီလက်ထရောနစ် လိပ်စာများဖြစ်သည့် Public IP Address၊ Autonomous System (AS) Number နှင့် Domain Name တို့နှင့်စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများအား ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆောင်ရွက်ရမည်ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ .mm Domain Registry အဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ လွှဲပြောင်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

.mm Domain Registrar များအဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Myanmar Technology Gateway Co., Ltd နှင့် Yatanarpon Teleport Public Co., Ltd တို့ က ဆောင်ရွက်လျက်ရှိပြီး အောက်ပါ .mm Domain Name များကို မှတ်ပုံတင်ဆောင်ရွက် ပေးလျက်ရှိပါသည်-

Sr.no Domain Name Criteria
၁။ .gov.mm ပြည်ထောင်စုအဆင့် အစိုးရဌာနများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နည်အစိုးရအတွက်သာ အသုံးပြု ခွင့် ပေးခြင်း၊(gov.mm Domain Name များအသုံးပြု ခြင်းအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၏ ထောက်ခံချက် ရယူရန် လိုအပ်ပါမည်။)
၂။ .com.mm တည်ဆဲဥပဒေအရ တည်ထောင်ပြီးဖြစ်သော မြန်မာ နိုင်ငံသားပိုင် ကုမ္ပဏီ (သို့မဟုတ်) နိုင်ငံခြားသားပိုင် ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ အတွက် အသုံးပြုခွင့်ပေးခြင်း၊
၃။ .edu.mm ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာ ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် တည်ဆဲ ဥပဒေအရ တရားဝင် လိုင်စင်ရရှိထားသော ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းများအတွက် အသုံးပြုခွင့်ပေးခြင်း၊
၄။ .org.mm တည်ဆဲဥပဒေအရ ဖွဲ့စည်းတည်ထောင်ပြီး သက်ဆိုင်ရာ အခွင့်အာဏာရှိသူထံမှ ထောက်ခံချက်ရယူထားသည့် အဖွဲ့ အစည်းတစ်ရပ်ရပ်အတွက် အသုံးပြုခွင့်ပေးခြင်း၊
၅။ .net.mm တည်ဆဲဥပဒေအရတည်ထောင်ပြီးဖြစ်သော မြန်မာနိုင်ငံ သားပိုင်ကုမ္ပဏီ (သို့မဟုတ်) နိုင်ငံခြားသားပိုင်ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများအတွက် အသုံးပြုခွင့်ပေးခြင်း၊
၆။ .biz.mm တည်ဆဲဥပဒေအရ တည်ထောင်ပြီးဖြစ်သော မြန်မာနိုင်ငံ သားပိုင် ကုမ္ပဏီ (သို့မဟုတ်) နိုင်ငံခြားသားပိုင်ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများအတွက် အသုံးပြုခွင့်ပေးခြင်း၊
၇။ hluttaw.mm ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ လွှတ်တော်အဖွဲ့အစည်းများအတွက် အသုံးပြုခွင့်ပေးခြင်း။

သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် .mm Domain များကို အောက်ပါ Registrar များ ထံသို့ ဆက်သွယ်ပြီး လျှောက်ထားရယူနိုင်ပါကြောင်းအသိပေးအပ်ပါသည်-

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)

လိပ်စာ 103, ground floor, 40 street, Kyauktada township, Yangon
ဖုန်း 01392155, 09423007573
အီးမေးလ် domainsales@mptjo.com.mm
ဝဘ်ဆိုဒ် mpt.com.mm

၂။ Yatanarpon Teleport Public Co., Ltd(YTP)

လိပ်စာ #25, Universities’ Hlaing Campus, Hlaing Township, Yangon
Mingalar Mandalay Complex, Block-4, Unit-11,73rd Street, Between Thazin & Ngu Shwe Wah Street,Chan Mya Tharsi Township, Mandalay
ဖုန်း +95-1-8652233, 8652255, 8652277, +95-9-964812309
အီးမေးလ် domainsales@teleport.net.mm
ဝဘ်ဆိုဒ် www.ytp.com.mm/DNSApplicationForm

၃။ Myanmar Technology Gateway Co., Ltd(MTG)

လိပ်စာ No.( A-3 ), Kabaraye Villa,Mayangone Tsp, Yangon
ဖုန်း 09650000965, 09420043928
အီးမေးလ် request.domain@mtg.com.mm
info.domain@mtg.com.mm
ဝဘ်ဆိုဒ် www.mtg.com.mm